အာဖရိကတိုက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃ ဒသမ ၆၈ သန်းကျော်ရှိ

ဖေဖော်ဝါရီ ၁၀

အာဖရိကတိုက်တွင် ယမန်နေ့ညနေပိုင်းကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၈၂၀၉၇ ဦးရှိကြောင်း အာဖရိက ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။

အာဖရိကတိုက်တွင် ယမန်နေ့ညနေပိုင်းအထိ ရောဂါကူးစက်ခံရမှုနှင့်ဆက်စပ်ပြီး သေဆုံးသူ ၉၅၅၈၉ ဦး ရှိသည်ဟု သိရသည်။

တောင်အာဖရိကဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအရေအတွက် အများဆုံးဒေသဖြစ်သည်။ တောင်အာဖရိကဒေသပြီးလျှင် မြောက်အာဖရိကဒေသတွင်လည်း ရောဂါကူးစက်မှုများပြားကြောင်း အာဖရိကသမဂ္ဂကော်မရှင်၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်အေဂျင်စီက ထုတ်ဖော်ပြောကြားသည်။

တောင်အာဖရိကသည် ရောဂါကူးစက်မှုအမြင့်မားဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူဦးရေ ၁ ဒသမ ၅ သန်းနီးပါးရှိသည်။ ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၆၀ဝ၀ ကျော် ရှိသည်။

မော်ရိုကို၊ တူနီးရှား၊ အီဂျစ်နှင့် အီသီယိုပီးယားနိုင်ငံများသည်လည်း အာဖရိကရှိ ကူးစက်မှုများပြားသောနိုင်ငံများတွင် ပါဝင်ကြောင်း ထိုအေဂျင်စီက ထပ်လောင်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို