အာဖဂန်နိုင်ငံမှာဘဝကို မြှုပ်နှံပြီး ဆေးဝါးကုသပေးနေတဲ့ ဂျပန်ဆရာဝန် နာကာမူရာ

၆ ဒီဇင်ဘာ

 

ဂျပန်ဆရာဝန် တက်ဆုနာကာမူရာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဖဂန်နိုင်ငံအတွင်းက တိုက်ခိုက်မှုတစ်ခုမှာ သေဆုံးခဲ့ပါတယ်။ နာကာမူရာဟာ အာဖဂန် နဲ့ ပါကစ္စတန်တွေအတွက် သူ့ဘဝကို ၃၅ နှစ်တိတိ မြှုပ်နှံပြီး ဆေးဝါးကုသနေသူဖြစ်ရာ သူ့ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ချီးမြှင့်ခံခဲ့ရပါတယ်။

 

mdn

 

အသက် ၇၃ နှစ်အရွယ် ဒေါက်တာနာကာမူရာဟာ ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူအိုကာကနေ ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါကို ၁၉၈၄ ခုနှစ်က ပြောင်းရွေ့ပြီး အနူရောဂါသည်များနဲ့ ဖျားနာနေတဲ့ အာဖဂန်ဒုက္ခသည်တွေကို ဆေးဝါးကုသပေးနေခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ အာဖန်ရှိ လူသူမရောက်နိုင်ငံတဲ့ ရွာလေးတစ်ရွာမှာ ဂျပန်ငြိမ်းချမ်းရေး ဆေးပေးခန်းတစ်ခုတည်ထောင်ပြီး ဆေးကုသပေးနေပါတယ်။

 

mdn

 

ဒေါက်တာနာကာမူရာက အာဖဂန်အစွန်အဖျားဒေသအရောက်မှာ ဖျားနာမှုတွေရဲ့ အရင်းအမြစ်ကို လိုက်ရှာတဲ့အခါ ရေပေးဝေရေးဟာ အဟာရ မပြည့်ဝတာကို တိုက်ဖျက်နိုင်တဲ့အချက် ဖြစ်ကြောင်း၊ နာကာမူရာက သူက ဆရာဝန်တစ်ယောက်အနေနဲ့ လူနာတွေရောဂါ သက်သာသွားတာလောက် ဘာမှမလိုချင်ဘူး။ ပြီးရင် သူတို့အိမ်ကို ပြန်ပို့ပေးတယ်။ ဆေးရုံမှာ တစ်ဦးချင်းကိုကုသပေးတာဟာ တစ်ရွာလုံးကို ကူညီနေသလိုပဲ။ ဆေးရုံမှာ လုံအပ်တဲ့ပစ္စည်းမရှိဘူး။ ဒါကြောင့် သူက ပစ်မထားခဲ့ချင်ဘူး။ လာမယ့် ငါးနှစ်၊ ခြောက်နှစ်မှာဆိုရင် သူ့အလုပ်ပြီးသွားပြီ အဲဒီချိန်မှာ သူ့ရဲ့ အိမ် (ဂျပန်နိုင်ငံ) ကို ပြန်မယ်လို့ ဂျပန်သတင်းဌာန NHK ကို ပြောပါတယ်။

 

mdn

 

ဒေါက်တာ နာကာမူရာဟာ ၂၀ဝ၃ ခုနှစ်က အာရှရဲ့ နိုဗယ်ဆုလို့ သတ်မှတ်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံက ပေးအပ်တဲ့ ရေမွန် မက်ဆေးဆေး ဆုကို ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာသိရှိနားလည်မှုအတွက် ရရှိခဲ့ပါတယ်။

 

mdn

 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒေါက်တာ နာကာမူရာနဲ့အတူ သူ့အစောင့်သုံးဦး၊ ကားမောင်းသမားနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့ လိုက်ပါလာတဲ့ယာဉ်တန်းကို တိုက်ခိုက်ခံခဲ့ရာ ဒေါက်တာနာကာမူရာရဲ့ ညာဘက်ဝမ်းဗိုက်ကို သေနတ်မှန်ပြီး ဘာဂရမ်ဆေးရုံကို ပို့ဆောင်ဖို့ လုပ်ဆောင်စဉ် ဂျာလာလာဘတ် လေဆိပ်မှာ သေဆုံးခဲ့ပါတယ်။ နာကာမူရာနဲ့အတူ လိုက်ပါလာတဲ့ အာဖဂန် ငါးဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP