၂၀၂၀ ပြည့်နှစ် World Lethwei Awards အတွက် ဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ

ရန်ကုန်၊  ၃၀  ဇန်နဝါရီ

 

မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ စီစဉ်ကျင်းပသည့် World Lethwei Championship (WLC) သည် ၂၀၂၀ ပြည့်နှစ် အတွက် အကောင်းဆုံးဆုများအဖြစ် ချီးမြှင့်မည့် World Lethwei Awards အတွက် ဆုရရှိသူများစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ် World Lethwei Awards အတွက် ဆုရရှိသူများကို ရွေးချယ်ရာတွင် ပရိသတ်က မဲပေး ရွေးချယ်သည့်ဆုများနှင့် WLC က သီးသန့်ချီးမြှင့်သည့် ဆုများဟူ၍ ကဏ္ဍ (၂) ရပ်ပါဝင်ခဲ့ကြောင်း သိရသည်။

 

၂၀၂၀ ခုနှစ် World Lethwei Awards ဆုပေးပွဲအခမ်းအနားကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တားဆီးရေးကန့်သတ်ချက်များကြောင့် လတ်တလောကာလတွင် ကျင်းပဦးမည်မဟုတ်ဘဲ ကန့်သတ်ချက်များဖြေလျှော့ချိန်၌ ဆုပေးပွဲအခမ်းအနားကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများအတွက် အခြားအထူးအစီအစဉ်များလည်း စီစဉ်ပေးသွားဖြစ်ကြောင်း WLC က ထုတ်ပြန်ကြေညာခဲ့သည်။

 

ပရိသတ် မဲပေးရွေးချယ်မှုအရ အကောင်းဆုံးဆုရရှိခဲ့သူများFighter of The Year - အန်တိုနီယိုဖာရီယာ (ပေါ်တူဂီ)၊ Female Fighter of The Year - ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်)၊ International Fighter of The Year - အယ်လန်ဂါရီအာယွတ် (မော်ရိုကို)၊ Breakout Fighter of The Year - ဆင်မြူရယ် တော့စ်ကာနို (အီတလီ)၊ Newcomer of The Year - စိုးမင်းအောင် (မြန်မာ)၊ Knockout of The Year - ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) Vs မိုင်ရှာကက်ဇ် (စပိန်)၊Fight of The Year - ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) Vs မိုင်ရှာကက်ဇ် (စပိန်) Comeback of The Year - စိုးမင်းအောင် (မြန်မာ)Upset of The Year - တူးတူး (မြန်မာ) Vs တူတာဗို့(ဥဇဘက်ကစ္စတန်) Myanmar Fighter of The Year - ရွှေရာမာဉ် Legend of The Year - တွေ့မရှောင် WLC က သီးသန့်ချီးမြှင့်သည့်ဆုရရှိခဲ့သူများEvent of The Year - WLC: BattlebonesWinner Celebration of The Year - စိုးမင်းအောင် (မြန်မာ) Coach of The Year - ချာလ်တန် (ဆိုရိစ်မန်ဖရက်ဒီ၏နည်းပြ)Myanmar Referee of The Year - ဦးအောင်မွန်Foreign Referee of The Year - ခူးမာရန်း (မလေးရှား) Journalist of The Year - ဇော်ဇော်ထွန်း (ရိုးရာလေး) တို့မှ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

 

အာကာစိုး