၂၀၁၇ - ၂၀၁၈ နှစ်တွင်းတွင် ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် (၃) သန်းကျော်ပို့ နိုင်ခဲ့

mdn

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

၂၀၁၇ - ၂၀၁၈ နှစ်တွင်းတွင် ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန် (၃) သန်းကျော်ပို့နိုင်ခဲ့ကြောင်းသိရသည်။

 

မြန်မာနိုင်ငံသည် (၂၀)ရာစုအလယ်လောက်တွင် ကမ္ဘာ့ဆန်အများဆုံးတင်ပို့နိုင်ခဲ့သည့် နိုင်ငံအဖြစ် ကျော်ကြားခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး လက်ရှိတွင်လည်း စုစုပေါင်း ဆန်ထုတ်လုပ်မှု၏ ၇၅ ရာခိုင်နှုန်း ကျော်ကို ပြည်တွင်း၌ စားသုံးကာ ပိုလျှံသော ပမာဏကို ပြည်ပသို့ တင်ပို့လျက်ရှိသည်။

 

၂၀၁၇-၂၀၁၈ နှစ် (ဧပြီလ မှ ဖေဖော်ဝါရီလ ၉ ရက်နေ့ထိ) ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု မှာ တန်ချိန် (၃) သန်းကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်ကာ၊ တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ(၉၄၉) သန်း ရရှိခဲ့သည်။ အဆိုပါ တင်ပို့နိုင်မှုတွင် ပင်လယ်ရေကြောင်းမှ တန်ချိန်(၁.၃၉)သန်း ၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ(၄၀၆)သန်း နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တန်ချိန် (၁.၆၃၃) သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၅၄၃)သန်း တင်ပို့နိုင်ခဲ့သည်။

 

ယခင်နှစ်တွင် ဆန် နှင့် ဆန်ကွဲ တန်ချိန်(၁.၂၄)သန်း ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၀၅) သန်း တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် တန်ချိန် (၁.၇၈) သန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၄၄) သန်း ပိုမိုတင်ပို့ နိုင်ခဲ့သည်။

 

ယခုနှစ်တွင် ဆန်နှင့် ဆန်ကွဲ အများဆုံး တင်ပို့နိိုုင်ခဲ့သည့် နိုင်ငံများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အနောက်အာဖရိကနိုင်ငံများ၊ ဘယ်လ်ဂျီယံနှင့်သီရိလင်္ကာနိုင်ငံတို့ ဖြစ်သည်။ ယခင်နှစ်တွင် နိုင်ငံပေါင်း (၄၀)သာ တင်ပို့နိုင်ခဲ့ပြီး၊ ယခုနှစ်တွင်( ၆၂) နိုင်ငံ တင်ပို့နိုင်ခဲ့သဖြင့် (၂၂) နိုင်ငံသို့ ဈေးကွက် တိုးချဲ့ တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆန်နှင့်ဆန်ကွဲ ပြည်ပသို့ တင်ပို့နိုင်မှုပမာဏသည် (၅၅)နှစ် တာကာလအတွင်း အမြင့်ဆုံးအနေထားကို ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ တိုးတက်လာခြင်းသည်  မြန်မာနိုင်ငံ၏ ၇၀ရာခိုင်နှုန်း ကျော်ရှိသော တောင်သူ လယ်သမားများ၏ စီးပွားရေးတိုးတက်လာသည့်အပြင် မြန်မာနိုင်ငံ၏      လယ်ယာထွက်ကုန်သွယ်မှု နယ်ပယ်တွင် စံချိန်သစ် တစ်ခု တင်နိုင်ခဲ့ကြောင်း သိရသည် ။

 

ဝင်းပပသူ