သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဒေသခံပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ 

သံတောင်ကြီး စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ   ဖြစ်ပွားနေသည့်  ကာလအတွင်း အခြေခံလူတန်းစားများ အဆေပြေစေရန်အတွက် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ဆန်နှင့် ကြက်ဥများကို  ယနေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ ပေါ်ရပ်ကွက်များတွင် မော်တော်ယာဉ်များဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ စားသောက်ကုန်ပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင့် ဝန်ထမ်းများက အ‌ခြေခံလူတန်းစားများအနေဖြင့် စားသောက်ကုန်များ ဈေးနှုန်း သက်သာစွာဖြင့်  ဝယ်ယူနိုင်ရန် ဆန်တစ်ပြည်ကျပ်(၁၀၀၀)နှုန်း   နှင့် ကြက်ဥတစ်လုံးလျှင် ကျပ်(၁၀၀)နှုန်းတို့ကို  မော်တော်ယာဉ်များဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်နှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)