မွန်ပြည်နယ်အစိုးရအဖွဲ့သို့  Oxygen  Plant နှင့် တိုက်နယ်ဆေးရုံ (၁၁)ရုံသို့ အောက်ဆီဂျင်အိုးများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

 

မော်လမြိုင်      စက်တင်ဘာ    ၁၉

                                     

မွန်ပြည်နယ်အစိုးရအဖွဲ့သို့  Oxygen   Plant ပေးအပ်လှူဒါန်းခြင်းနှင့် ပြည်နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများ သို့ အောက်ဆီဂျင်အိုးများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို  ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ကြ သည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ဇူလိုင်လမှစ၍ ရောဂါကူးစက်မှုနှုန်း မြင့်မားလာကာ မြို့နယ်အသီးသီးတွင်ရှိသည့် ဓမ္မာရုံများ၊ စာသင်ကျောင်းများတွင် ရောဂါထိန်းချုပ်နိုင်ရေးအတွက် Quarantine   Center များကို လျင်လျင် မြန်မြန်ဖွင့်လှစ်ပြီး ကန့်သတ်စောင့်ကြည့်မှု ဆောင်ရွက်ခဲ့ကြောင်း၊ ကုသရေးအနေဖြင့် မြို့နယ်ဆေးရုံ များသာမက ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်ရှိသည့် ဒေသန္တရဆေးခန်း၊ တိုက်နယ်ဆေးရုံများပါ ကုသရေး စင်တာဖွင့်လှစ်ပြီး ရောဂါကုသပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ မြို့နယ်အလိုက် တိုက်နယ် ဆေးရုံများသို့  အောက်ဆီဂျင်အိုးနှင့်  ကိုဗစ်-၁၉ရောဂါ   ကာကွယ်ရေးသုံး    ပစ္စည်းများ ထောက်ပံ့ပေးမှာ ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသူများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်တွင်း အောက်ဆီဂျင်လိုအပ်လျက်ရှိသော ပြည်သူများအတွက်  ပြည်နယ်အစိုးရအဖွဲ့သို့ မြန်မာရှင်းရှင်းမက်တယ်ကုမ္ပဏီမှ ကျပ်သိန်း ၁၁၀၀ တန်ဖိုးရှိ  Oxygen Generator Plant ၁ လုံး ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်က   လက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ  ပြန်လည်ပေးအပ်သည်။

 

ထို့နောက် တိုက်နယ်ဆေးရုံများသို့  အောက်ဆီဂျင်အိုးနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို  ပြည်နယ်ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့်  ဝန်ကြီးများက ပေးအပ်ရာ တိုက်နယ်ဆရာဝန်များက လက်ခံရယူပြီး  တိုက်နယ်ဆေးရုံများကိုယ်စား  ကျိုက္ခမီတိုက်နယ်ဆရာဝန်က  ကျေးဇူးတင်စကား ပြောကြားသည်။

 

မွန်ပြည်နယ်အတွင်းအသုံးပြုရန် Mobile Oxygen Generator Plant ၁ လုံး၊ တိုက်နယ်ဆေးရုံ ၁၁ ရုံအတွက်   ဆေးရုံ ၁ ရုံလျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၅ လုံးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်း ၉ မျိုးတို့အား  ထောက်ပံ့ပေးအပ်ကြောင်း သိရသည်၊၊

ဇာဖြူဝင်း(ပြန်/ဆက်)