မိုင်းကိုင်မြို့နယ်အတွက် ခွဲဝေရရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အားလုံးထိုးနှံပေးပြီး

မိုင်းကိုင် ဩဂုတ်           ၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၌  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးများကို ဇူလိုင် ၃၁ ရက်မှ စတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရက် ငါးရက်မြောက်နေ့ ဩဂုတ် ၄  ရက် နံနက် ၁၀ နာရီတွင်  မြို့နယ် အတွက် ခွဲတမ်းရရှိထားသော Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အားလုံးကို အပြီးသတ် ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

 

မိုင်းကိုင်မြို့နယ်အတွင်း ယခုထိုးနှံပေးခဲ့သည့် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမှာ ၁၂၄၅ လုံး ဖြစ်ပြီး ပထမဦးစားပေးအဆင့် ၁၂ မျိုးတွင်ပါဝင်သူ ၂၄၆၂ ဦးကို အပြီးသတ် ထိုးနှံပေးနိုင်ခဲ့ပြီး မြို့နယ်အတွက် ကာကွယ်ဆေးများ  ထပ်မံရရှိပါက  ဆက်လက် ထိုးနှံပေးသွားမည့်  အစီအစဉ်များကို ကြေညာ  ပေးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)