ဝဿာန်မိုးရာသီ တေးသီချင်းများဖျော်ဖြေပွဲ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်၊ ဇွန် ၁၇

ဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၃)ကို ဇွန်၁၈ရက်၊ သောကြာနေ့  ည ၈ နာရီသတင်းအပြီးတွင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌  ထုတ်လွှင့် ပြသမည် ဖြစ်သည်။

ယင်းအစီအစဉ်တွင်  Triple “S” Music Band ၏တီးခတ်မှုနှင့်အတူ နိုင်ငံကျော် အဆိုတော်များဖြစ်ကြသည့် စောဂျွန်၊ ထက်အာကာကျော်၊ ရတု၊ ခိုင်သဒ္ဓါစိမ့်၊ ရွှန်းလဲ့ရည်အောင်၊ မြင့်မြတ်သူ၊ အိဝေဖူးချို၊ သွန်းအိန္ဒြေတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။         

အဆိုပါ တင်ဆက်မှုကို ဇွန် ၂၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀နာရီခွဲတွင် ဒုတိယ အကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)