နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ကယ်လ်စီယမ်၌ပမာဏကို ဖြည့်စွက်ကြပါစို့

မဇင်မီ (ရုက္ခဗေဒ) မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်

နို့နှင့် ကယ်လ်စီယမ်ဓာတ် 

နို့သည် ကလေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော အစားအစာ ဖြစ်သည်။ နို့တွင် ရေ၊ အဆီ၊ ပရိုတိန်း၊ ဆား၊ သတ္တုဓာတ်၊ ကယ်လ်စီယမ်နှင့် ဖော့စဖိတ် တို့ဖြင့် ဖွဲ့စည်းထားပြီး နို့အမျိုးအစားအလိုက် ပါဝင်မှုပမာဏ ကွာခြားပါသည်။ ထိုသို့ သက်စောင့်ဓာတ်များစွာပါဝင်သောနို့သည် လူတို့ ကျန်းမာကြံ့ခိုင်ရေးကို -ကူညီထောက်ပံ့ပေးနိုင်သော အစားအစာဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်ရှိ အရိုးနှင့် သွား သန်မာဖို့ ကယ်လ်စီယမ်ဓာတ် လိုအပ်ပါသည်။ ထို့ကြောင့် နို့သောက် ရမည်ဆိုသည်ကို ငယ်စဉ်ကတည်းက သိခဲ့၊ မှတ်ခဲ့ကြရပါသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မြို့တွင် ကယ်လ်စီယမ်ဓာတ် ပေါများကြွယ်ဝစွာပါဝင်သည်ကို သိနိုင်မည် ဖြစ်ပါသည်။

ကယ်လ်စီယမ်သည် လူ့ခန္ဓာကိုယ်တွင်ရှိသည့် အရေးကြီးဇီဝရုပ်ဖြစ်စဉ် များအတွက် လိုအပ်သောသတ္တုဓာတ်တစ်မျိုးလည်း ဖြစ်ပါသည်။ အရိုးနှင့် သွားများကို ခိုင်မာစေခြင်း၊ သွေးခဲမှုဖြစ်စဉ်၊ အာရုံကြောစနစ် ကောင်းမွန်မှုနှင့် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပေးသလို ရောဂါတော်တော် များများကိုလည်း ခုခံနိုင်စွမ်းရှိသည်ဟု သုတေသီများက ဆိုပါသည်။ ကယ်လ်စီယမ်သည် လူ့ခန္ဓာကိုယ်ရှိ ကင်ဆာဖြစ်စေမည့် ဓာတ်ကြွင်းများ၊ အရိုးပွခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ကျောက်ကပ် ကျောက်တည်ခြင်း၊ အမျိုးသမီးများ ရာသီမလာခင် ခံစားရမှုများနှင့် ကလေးသူငယ်များ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်ပြီး မလိုလားအပ်သော အဆီများကို ဖယ်ရှားပေးနိုင်သကဲ့သို့ ခန္ဓာကိုယ်တွင်း pH အနည်း၊ အများကိုလည်း ထိန်းညှိ ပေးပါသည်။

လူ့ ခန္ဓန္ဓာကိုယ်အတွင်းရှိ ကယ်လ်စီယမ် စုစုပေါင်း၏ ၉၉ ရာခိုင်နှုန်းကို အရိုး (bone) နှင့် သွား (tooth) ထဲတွင် သိုလှောင်ထားပြီး ကျန်သာ တစ်ရာခိုင်နှုန်းကို သွေး (blood) နှင့် တစ်သျှူး (tissue) များထဲတွင် သိုလှောင်ထားပါသည်။ ခန္ဓာကိုယ်သည် ကယ်လ်စီယမ်ဓာတ်ကို နည်းလမ်းနှစ်မျိုးဖြင့် ရယူနိုင်ပါသည်။ ၎င်းတို့မှာ ကယ်လ်စီယမ်ဓာတ်ပါဝင်သော အစားအစာ စားသုံးခြင်းနှင့် ကယ်လ်စီယမ်ပါဝင်သော ဖြည့်စွက်ဆေးဝါးများ သုံးစွဲခြင်းတို့ ဖြစ်ပါသည်။ ကယ်လ်စီယမ်ဓာတ်ရရှိနိုင်သော အကောင်းဆုံး အရင်းအမြစ်များမှာ နို့နှင့် နို့ထွက်ပစ္စည်း၊ အခြားအစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် အခြောက်ခံထားသော ပဲစေ့များပင် ဖြစ်ပါသည်။

အရိုးပွရောဂါ ဖြစ်ပွားလာနိုင် 

ကယ်လ်စီယမ်ဓာတ် ပါဝင်သော အစားအစာများ စားသုံးမှုလျော့နည်းမည် ဆိုပါလျှင် ခန္ဓာကိုယ်တွင် ကယ်လ်စီယမ်ဓာတ်ပမာဏ လျော့နည်းလာပါလိမ့်မည်။ ထိုအခါ ခန္ဓာကိုယ်သည် လိုအပ်သောကယ်လ်စီယမ်ဓာတ်ကို ရယူရန်အတွက် အရိုးတွင် သိုလှောင်ထားသော ကယ်လ်စီယမ်ကို ထုတ်ယူသုံးစွဲလာပါသည်။ ထို့ကြောင့် အရိုးတွင် ကယ်လ်စီယမ်ဓာတ် လျော့နည်းလာပြီး အရိုးပါးခြင်း၊ ကြွပ်ဆတ်ခြင်း စသည်ဖြင့် အရိုးပွရောဂါ ဖြစ်ပွားလာနိုင်ပါသည်။ ထိုကဲ့သို့ အရိုးမှ ကယ်လ်စီယမ်ရယူသုံးစွဲခြင်းကို လျှော့ချရန်အတွက် ပြင်ပမှနေ၍ ကယ်လ်စီယမ်ဓာတ် ဖြည့်စွက်ပေးနိုင်ရန် လိုအပ်ပါသည်။ လူတစ်ဦးချင်းစီအတွက် ကယ်လ်စီယမ် လိုအပ်မှုပမာဏသည် အသက်အရွယ်အလိုက် ကွာခြားမှုရှိသလို နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ကွာခြားမှုရှိကြောင်း သုတေသီများက ဆိုပါသည်။ အသက်အရွယ်အလိုက် ကယ်လ်စီယမ်လိုအပ်သောပမာဏကို အောက်ပါအတိုင်းဖော်ပြထားပါသည်-

 

1

 

ခိုင်မာသောအရိုးများကို တည်ဆောက်နိုင် 

ဖော်ပြပါအကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ကယ်လ်စီယမ် ပမာဏကို ကောင်းမွန်ပြည့်စုံစွာ ရရှိနိုင်မည် ဖြစ်ပါသည်။ သုတေသနလေ့လာ ချက်များအရ နေ့စဉ် နွားနို့တစ်ခွက် သောက်သုံးသော ကလေးများသည် နွားနို့သောက်သော ကလေးငယ်များထက် ဉာဏ်ရည် ပိုမိုမြင့်မားကြောင်းသိရှိရပါသည်။ နွားနို့ကို နေ့စဉ်သောက်သုံးခြင်းဖြင့် လူတို့၏ အစာအာဟာရတန်ဖိုးကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း သန်စွမ်းကြံ့ခိုင်စေမည် ဖြစ်ပါသည်။ 
ထို့အပြင် ကလေးငယ်များ အာဟာရချို့တဲ့မှုကိုလည်း ကာကွယ် ပေးနိုင်မည် ဖြစ်ပါသည်။ နို့ထဲတွင်ပါဝင်သော ကယ်လ်စီယမ်နှင့် နေရောင်ခြည်မှရရှိသော ဗီတာမင်ဒီတို့ပေါင်းစပ်ပြီး ကျွန်ုပ်တို့အတွက် ခိုင်မာသောအရိုးများကို တည်ဆောက်နိုင်မည် ဖြစ်သည်။ နွားနို့သောက်သုံးခြင်း

Ref: Food and Nutrition Board, Institute of Medicine, National Academy of Science, 2020

အသက်အရွယ်မရွေး၊ အမျိုးသား၊ အမျိုးသမီးမရွေး ကယ်လ်စီယမ်ဓာတ် ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ရရှိရန် နို့နှင့် နို့ထွက်ပစ္စည်းများ နို့ထွက်ပစ္စည်းအချို့ တွင်ပါဝင်သော ကယ်လ်စီယမ်ပမာဏကို The UK ကြွယ်ဝသောနွားနို့ကို နေ့စဉ်သောက်သုံးခြင်းဖြင့် ကျန်းမာပျော်ရွှင်သော Department of Health recommended Reference Nutrient Intaka (RNI ဘဝကို ရယူနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။ 

အောက်ပါအတိုင်းဖော်ပြထားပါသည်-

 

2