မေတ္တာမြို့ ရှိ ကျန်းမာရေးဝန်ထမ်းများဝန်ထမ်းအားလုံး ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံ

မေတ္တာ၊   ၂၇   ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက  ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ထိုးနှံခဲ့ကြောင်း  သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်း များအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ရာ မေတ္တာမြို့ တိုက်နယ်ဆေးရုံမှ ဒေါက်တာရဲရန်နောင် အပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း(၁၂)ဦးနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများရှိ ကျန်းမာရေးဝန်ထမ်း (၁၇)ဦး စုစုပေါင်း(၂၉)ဦးအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)