ဂျိမ်းစဘွန်းရုပ်ရှင်သစ် ပြသမည့်ရက် ထပ်မံရွှေ့ဆိုင်း

၂၃ ဇန်နဝါရီ

ဂျိမ်းစဘွန်းရုပ်ရှင်သစ်ဖြစ်တဲ့ No Time To Die ရုပ်ရှင်ကားရုံတင်မယ့်ရက်ကိုတော့ ကိုဗစ် -၁၉ ကြောင့် တတိယအကြိမ်မြောက် ရွှေ့ဆိုင်းလိုက်ရပြန်ပါပြီ။ ရုပ်ရှင် မင်းသား ဒန်နီရယ် ခရက် Daniel Craig ဂျိမ်းစဘွန်းအဖြစ် နောက်ဆုံးအကြိမ် ပါဝင်မယ့်ရုပ်ရှင်ကားကိုအောက်တိုဘာ ၈ မှာပြသမယ်လို့ ဇန်နဝါရီ ၂၂ ရက် အစောပိုင်းမှာပဲ တွစ်တာမှာကြေညာထားပါတယ်။ အဲဒီရုပ်ရှင်ကားကို ၂၀၂၁ ခုနှစ် ဧပြီလမှာပြသမယ်လို့ ရက်သတ်မှတ်ထားတာပါ။

ပထမဆုံးသတ်မှတ်ထားတဲ့ ရုံတင်မယ့်ရက်က ဧပြီ ၂၀၂၀ ဖြစ်ပေမယ့် ကိုဗစ်-၁၉ ကြောင့်တစ်နှစ်ကြာ ရက်ရွှေ့ဆိုင်းလိုက်ရတာပါ။ ကိုဗစ် - ၁၉ ရဲ့ ရိုက်ခတ်မှုတွေကြောင့် ဟောလိဝုဒ်မှာ ထိခိုက်မှုတွေရှိလာပြီး သရုပ်ဆောင်

တွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အတွက် ရိုက်ကူးရေး ကိုရပ်နားခဲ့ရပါတယ်။ နောက်ပိုင်းမှာ တချို့သော နိုင်ငံတွေမှာ ရုပ်ရှင်ရုံတွေ ပိတ်ထားရတဲ့အတွက် ထုတ်လုပ်သူတွေလည်း ဝင်ငွေရဖို့မစွမ်းသာတော့ပါဘူး။

ယခုလအစောပိုင်းကလည်း ဝါနာဘရားသားကုမ္ပဏီ The Many Saints of Newark ရုပ်ရှင်ရုံတင်မယ့်ရက် နှောင့်နှေးမယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန်ရဲ့ အစိတ်အပိုင်းအတော်များများမှာ အသွားအလာပိတ်ဆို့ကန့်သတ်မှုတွေ ပြုလုပ်ထားတဲ့အတွက် ဖြစ်ပါတယ်။ ဂျိမ်းစဘွန်းပရိသတ်တွေကတော့ ကပ်ရောဂါ မဖြစ်ခင်ကတည်းက ဂျိမ်းစဘွန်းရုပ်ရှင်ကားသစ် ရုံတင်ပြသမယ့် ရက်ကို စောင့်ဆိုင်းနေခဲ့ကြတာပါ။

စကိုင်းနယူး