အိမ်မဲ ၁၂ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်လေးများ မြန်မာစကားပုံများကိုသိရှိစေရန်နှင့် စာဖတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် စကားပုံဆက်ပြိုင်ပွဲကို ဧပြီလ ၁၂ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ကလေးများအားလုံး  ပျော်ရွှင်စရာကောင်းသော ဖန်တီးမှုများပြုလုပ်ပြီး ကလေးများအချင်းချင်း အတူတကွ ပူးပေါင်းပါဝင် လုပ်ဆောင်တတ်စေရန် မြန်မာစကားပုံကို ချစ်မြတ်နိုးတက်စေရန် စာဖတ်သောအလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထိုနောက် စကားပုံဆက်ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများကို မြို့နယ်ဦးစီးမှူးက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)