ဆီဆိုင် ၁၂ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ မဲဟဲကျေးရွာ မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ စော်ဘွားဆည်၌ သင်္ကြန်မတိုင်ခင် ရေကူးသူများနှင့် လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အလုပ်ပါးတဲ့အချိန်ဖြစ်လို့ သူငယ်ချင်းတွေနဲ့ လာရောက်အပန်းဖြေခြင်းဖြစ်တယ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး နေရတာပျော်တယ်၊ ကျေနပ်တယ်ဟု အဆိုပါစော်ဘွားဆည်၌ လာရောက်ရေကူးသည့် ဆီဆိုင်မြို့ အောင်ချမ်းသာ ရပ်ကွက်မှ ဒူးငယ်က ပြောသည်။
ကားကျွတ်အငှားဆိုင်ဖွင့်ထားသည့် အမ်ကျော်ကလည်း အခုချိန်မှာတော့လူနဲနဲပါးသေးတယ် သင်္ကြန်တွင်း မှာဆို နယ်ခံရော၊ တခြားနယ်မှ ဧည်သည့်တွေရော လာရောက်အပန်းဖြေသူ တော်တော်စည်တယ်ဗျ ကားကျွတ်(အငယ်)ဆို တစ်နာရီ ၅၀ဝ ကျပ်၊ ကားကျွတ်(အကြီး)ဆို တစ်နာရီကို ၁၀ဝ၀ ကျပ်ဖြင့် ငှားပေးပြီး တစ်ရက်ကို ၂၀ဝ၀ဝ ကျပ်မှ ၃၀ဝ၀ဝ ကျပ်အထိရရှိကြောင်း ပြောသည်။ အခုက မြို့ခံတွေပဲရှိတာပေါ့ အဝေးကိုအလုပ်သွားလုပ်ပြီး ပြန်လာတဲ့ချိန်မှာ ဒီမှာလာရောက်အပန်းကြတာဖြစ်တယ် ဟု ၄င်းကဆက်လက် ပြောကြားသည်။
ခွန်ရဲထွေး(ဆီဆိုင်)


