ပေါင် ဇွန် ၈
မွန်ပြည်နယ် ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ကတွန်ကျေးရွာ၌ ပြုလုပ်သည်။
ဦးစွာ ဇင်းကျိုက်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်မိုးက ရပ်ကွက်/ကျေးရွာများအတွင်း မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ဝေသော မှုခင်းကြိုတင်ကာကွယ်ခြင်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


