ရန်ကုန် ဇွန် ၈
၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)ကို ဇွန် ၅၊ ၆ ရက်က ကျင်းပရာ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်၊ သစ္စာအားမာန်၊ ရတနာပုံ၊ စစ်ကိုင်းယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်းတို့ အနိုင်ရခဲ့သည်။
ပွဲစဉ်(၃)တွင် အား/ကာသိပ္ပံအသင်းက Galaxy အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရတနာပုံအသင်းက မြဝတီအသင်းကို သုံးဂိုးပြတ်၊ ဒဂုံစတားယူနိုက်တက်အသင်းက Falcon အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရန်ကုန်ယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို သုံးဂိုး- တစ်ဂိုး၊ ရှမ်းယူနိုက်တက် အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို သုံးဂိုး-ဂိုးမရှိ၊ သစ္စာအားမာန်အသင်းက ရန်ကုန် စီးတီးအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ စစ်ကိုင်းယူနိုက်တက်အသင်းက Chinland အသင်းကို ခုနစ်ဂိုး-လေးဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲစဉ်(၃) တွင် ခုနစ်ပွဲစလုံး အနိုင်အရှုံး ရလဒ်ထွက်ပေါ်ခဲ့သည်။
ပွဲစဉ်(၃)အပြီးတွင် ရန်ကုန်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ အား/ ကာသိပ္ပံနှင့် သစ္စာအားမာန်အသင်းတို့က ခုနစ်မှတ်စီ၊ Galaxy အသင်းက ခြောက်မှတ်၊ ရတနာပုံအသင်းနှင့် ဒဂုံ စတားယူနိုက်တက်အသင်းက လေးမှတ်စီ၊ ဟံသာဝတီယူနိုက်တက်နှင့် မြဝတီအသင်းက သုံးမှတ်စီ၊ Falcon အသင်းက နှစ်မှတ်၊ ရန်ကုန်စီးတီးအသင်းက တစ်မှတ်၊ Chinland နှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့က အမှတ်မရသေးပေ။
သတင်း-မောင်ညီ
ဓာတ်ပုံ-MNL


