ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အထက်မြန်မာပြည်) မိုးလေဝသ ရေဒါစခန်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရတနာပုံသင်္ဘောကျင်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကြေးနီကန်ကျေးရွာအနီးတွင် တည်ရှိသည့် မိုးလေဝသ ရေဒါစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက Radar ၏ စွမ်းဆောင်နိုင်မှု စွမ်းအားပြည့်ရရှိရေးအတွက် သတ်မှတ်ထားသည့် လုပ်ငန်းများကို မပျက်မကွက် ပုံမှန်စစ်ဆေးဆောင်ရွက်သွားရေး၊ စစ်ဆေးမှု မှတ်တမ်းများ စနစ်တကျထားရှိရေး၊ စက်ပစ္စည်း ချို့ယွင်းမှုရှိပါက အချိန်နှင့်တစ်ပြေးညီ ပြုပြင်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာ နေထိုင်ရေးတို့ကို မှာကြားခဲ့သည်။

 

mdn

 

ထို့ပြင် ဒုတိယဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် အဆောက်အဦအတွင်း ခရီးသည်များ ဆိုက်ရောက်/ ထွက်ခွာနေမှု၊ ပြည်တွင်း/ ပြည်ပ လေယာဉ်ခရီးစဉ်များအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှု၊ (Airport Surveillance Radar-ASR) ရေဒါတပ်ဆင်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်ထားမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရတနာပုံသင်္ဘောကျင်း၌ ရေယာဉ်များ လွန်းတင်ပြင်ဆင်နေမှုနှင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

 

ရတနာပုံသင်္ဘောကျင်းအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေယာဉ်များအား ကုန်တင်ရာတွင် Ship Stability အတွက် Weight and Balance ကို ဂရုပြုဆောင်ရွက်ရန်၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စများကို ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်