သုံးခွမြို့နယ်၌ ခေမာဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်

ရန်ကုန်          အောက်တိုဘာ         ၂

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ကံမြင့်ကျေးရွာ၌ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက ခေမာဗုဒ္ဓတက္ကသိုလ် (KHEMA BUDDHA UNIVERSITY) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် နိုင်ငံ‌တော်သံဃနာယကအဖွဲ့ အကျိုး‌တော်ဆောင် သန်လျင် မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသက အဖွင့်သြဝါဒကထာ မြွက်ကြားသည်။ ထို့‌နောက် ဆရာတော်ကြီးများက ခေမာဗုဒ္ဓတက္ကသိုလ်၏ အဓိပတိမဟာနာယကချုပ်၊ ဩဝါဒါစရိယ၊ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊‌ မော်ကွန်းထိန်း၊ ကထိက ဆရာတော်များအဖြစ် ခန့်အပ်လွှာများကို ဆရာတော်များထံ ဆက်ကပ်သည်။

ယင်းနောက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ဧည့်ပရိသတ်များက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး အင်းတ‌ကော် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်ကစ္စာယနသာရက ခေမာဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းမြွက်ကြားသည်။ ထို့နောက် ဆရာတော်များအား လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းကာ နိုင်ငံ‌တော် သံဃနာယကအဖွဲ့ တွဲဖက်အကျိုး‌တော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘ ဒ္ဒန္တပညာဓဇက အနုမောဒနာတရား ဟောကြားခဲ့ကြောင်း သိရှိရသည်။

ကိုကျော်(သုံးခွ)