ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ရေနံချောင်းတက္ကသိုလ်၌ သစ်ပင်စိုက်ပျိုး

ရေနံချောင်း        အောက်တိုဘာ       ၂

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ရှိ ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်၌ ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးသန်းဌေး၊ အတွင်းရေးမှူး ရဲမှူးဝင်နိုင်၊ အဖွဲ့ဝင် ဦးတင်အောင်ဦး၊ ရေနံချောင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာယဉ်ယဉ်အေးနှင့် သင်ကြား/စီမံ ပါမောက္ခ/ဌာနမှူးများ၊ တက္ကသိုလ်ဝန်ထမ်းများက ရေနံချောင်းတက္ကသိုလ် ပရဝဏ် သန့်ရှင်းသာယာ လှပစေရေး တက္ကသိုလ်ကျောင်းရှေ့ မျက်နှာစာရှိ ပန်းအိုးများတွင် နီယွန်ပင်များကို လည်းကောင်း၊ တက္ကသိုလ်အားကစားရုံရှေ့ မျက်နှာစာတွင် ယင်းမာပင်များကိုလည်းကောင်း စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ