မန္တလေးတိုင်းဒေသကြီးရှိ ခရိုင် ၉ ခရိုင် ၌ ဆောင်းမြေပဲ စိုက်ဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုးသွားမည် 

မန္တလေး       အောက်တိုဘာ      ၂

ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးရှိ ခရိုင် ၉ ခရိုင်၌ ဆောင်းမြေပဲ လျာထားဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးဝင်း၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်းရှိ စားသုံးသူပြည်သူများ ဆီဖူလုံမှုရှိစေရေးအတွက် ဆောင်းမြေပဲ ၁၂၆၁၉၈ ဧကကို အောက်တိုဘာလဆန်းမှစ၍ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း ကျောက်ဆည်ခရိုင်တွင် ၁၀၈၇ ဧက၊ ညောင်ဦးခရိုင်တွင် ၂၂၀၅ ဧက၊ တံတားဦးခရိုင်တွင် ၁၃၁၁၁ ဧက၊ မိတ္ထီလာခရိုင်တွင် ၅၉၈၈ ဧက၊ မြင်းခြံခရိုင်တွင် ၃၂၅၅၈ ဧက၊ ရမည်းသင်းခရိုင်တွင် ၁၆၀၅၀ ဧက၊ သပိတ်ကျင်းခ ရိုင်တွင် ၃၄၆၆၂ ဧက၊ အမရပူရခရိုင်တွင် ၅၆၆ ဧက၊ အောင်မြေသာ စံခရိုင်တွင် ၁၉၉၇၁ ဧက စသည်ဖြင့် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)