မြန်မာပြည်သိန်းတန်၏ “သီချင်းဒိုင်ယာရီ-၄” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်၊ ဩဂုတ် ၁၀ 

 

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ နိုင်ငံကျော်အဆိုတော်ကြီး မြန်မာပြည်သိန်းတန်၏ သီချင်းဒိုင်ယာရီ-တေးဂီတဖျော်ဖြေပွဲကို Friday Night Live Show တင်ဆက်မှုအဖြစ် ဩဂုတ် ၁၂ ရက် သောကြာနေ့ ည နာရီ ပြည်တွင်းသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

ယင်းအစီအစဉ်တွင် မြန်မာပြည်သိန်းတန်နှင့်အတူ မျိုးဆက်သစ်တေးသံရှင်များ ဖြစ်ကြသည့် စောဒယ်နီရယ်၊  ရေဂျီနား၊ ချိုမီမီဇော်နှင့် အိအိလှိုင်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ သရုပ်ဆောင် နေဒွေးနှင့် သဉ္ဇာမြင့်မိုရ်တို့ကလည်း အားဖြည့်တင်ဆက်ပေးကြမည် ဖြစ်သည်။

 

ထိုသို့တင်ဆက်မှုကို ဩဂုတ် ၁၄ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်