အီးယူကနေ ဗြိတိန်ခွဲထက်ရေးမှာ လျော်ကြေးမပေးဘဲ ထွက်ခဲ့ရင် အီးယူဘက် အရေးပေါ်အစီအစဉ်တွေ ပြင်ဆင်ထား

ဥရောပ သမဂ္ဂ (အီးယူ) ကနေ ဗြိတိန်နိုင်ငံက လျော်ကြေးမပေးဘဲ (no deal) ထွက်ခွာခဲ့ရင် အီးယူဘက် ကနေ လေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေတွေအတွက် အရေးပေါ်အစီအစဉ်တွေ ပြင်ဆင်ထားပါတယ်။ 

 

အီးယူအဖွဲ့ဝင်နိုင်ငံတွေမှာ နေထိုင်တဲ့ ဗြိတိန်နိုင်ငံသားတွေကလည်း ဗြိတိန်နိုင်ငံမှာနေထိုင်တဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားတွေ ရပိုင်ခွင့်အတိုင်း နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ 

 

၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အီးယူကနေ ဗြိတိန်နှုတ်ထွက်တဲ့အခါ (no deal) ဖြစ်ခဲ့မယ်ဆိုရင် အငြင်းပွားနိုင်စရာ အခန်းကဏ္ဍတွေဖြစ်တဲ့ နိုင်ငံသားအခွင့်အရေးနဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်။ အဲဒါတွေအပြင် ငွေကြေးဝင်ဆောင်မှုလုပ်ငန်း၊ လေကြောင်းသယ်ယူပို့ဆောင်ရေး၊ အကောက်ခွန်နဲ့ ရာသီဥတု ဆိုင်ရာ မူဝါဒမှာ ပြင်ဆင်ထားကြောင်း အီးယူဘက်က ထုတ်ပြန်ထားပါတယ်။ 

 

အဲဒီမူဝါဒထဲမှာ အီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့  ဈေးကွက်မှာ ဗြိတိန်အခြေစိုက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို ၁၂ လတိတိ လက်ရှိအခြေအနေအတိုင်း ဆက်လက် လုပ်ကိုင်ခွင့်ပေးထားမှာ ဖြစ်ပါတယ်။ ဗြိတိန်လေကြောင်းလိုင်းတွေကို အီးယူကောင်းကင်ယံမှာ လေကြောင်းထိန်းသိမ်းရေးအသုံးပြုခွင့်ကို ၁၂ လ နဲ့ ၉ လ ဆိုပြီး လေကြောင်းလိုင်း လိုင်စင်အပေါ်မူတည်မှာဖြစ်ကြောင်း သိရပါတယ်။  ဒီအခြေနေတွေက ၂၀၁၉ မတ်လ ၂၉ ရက်နောက်ပိုင်းမှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ 

 

ပြီးခဲ့တဲ့လက ဗြိတိန်ဝန်ကြီးချုပ် နဲ့ အီးယူ သဘောတူညီထားတဲ့ မူကြမ်းကို ဗြိတိန်ပါလီမန်က သဘောတူညီခဲ့ရင် အခုပြင်ဆင်ထားတဲ့ အရေးပေါ်အစီအစဉ်ကို အသုံးပြုစရာ မလိုဘူးလို့ ဘရက်ဆဲလ်က ပြောနေပါတယ်။ 

 

MDN
ကိုးကား- AFP