ဘယ်လဂျီယံ ဝန်ကြီးချုပ် နှုတ်ထွက်စာတင်

ဘယ်လဂျီယံ ဝန်ကြီးချုပ် ချားလတ် မိုက်ကယ်သည်  ၎င်း၏ ညွန့်ပေါင်းအစိုးရ ရှုံးနိမ့်သွားပြီးနောက်ပိုင်း ရာထူးမှနှုတ်ထွက်စာ တင်သွင်းခဲ့ကြောင်း သိရသည်။

ချားလတ် မိုက်ကယ်သည် ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ  သဘောတူစာချုပ်ကို  လက်မှတ်ရေးထိုးပြီးနောက် ၎င်းပါတီ ၏ ကန့်ကွက်ဆန့်ကျင်မှု ရင်ဆိုင်နေရကြောင်းနှင့်  ထိုစာချုပ်ကို ချုပ်ဆိုခဲ့သည့်အတွက် ၎င်းညွှန့်ပေါင်းအစိုးရမှ လက်ယာဝါဒီပါတီ် မကျေမနပ်ဖြစ်ပြီး ထွက်ခွာသွားခဲ့ကြောင်း သတင်းဖော်ပြထားသည်။

အဆိုပါ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့်အပေါ် မိုက်ကယ်က လွှတ်တော်ကို အသနားခံခဲ့သော်လည်း လွှတ်တော်က လက်မခံသည့်အတွက် ဘုရင် ဖိလစ်ပီ ထံ ရာထူးမှ နှုတ်ထွက်စာ တင်သွင်းခဲ့ကြောင်း သိရသည်။

မိုက်ကယ်၏ ရာထူးနှုတ်ထွက်စာကို ဘုရင် ဖိလစ်ပီ လက်ခံဖို့ ရှိမရှိ မဆုံးဖြတ်ရသေးကြောင်းနှင့် ထိုကိစ္စကို ဖြေရှင်းရန် လွှတ်တော်အမတ်များနှင့် ယနေ့တွေ့ဆုံမည့် အစီအစဉ်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို