ခေတ်ကြေးမုံပြင်ဝယ် နှစ်ခြောက်ဆယ်

၁ ဖေဖော်ဝါရီ

 

စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ ရေးသားသော ခေတ်ကြေးမုံပြင်ဝယ် နှစ်ခြောက်ဆယ်စာအုပ်ထွက်ရှိလာပြီ ဖြစ်သည်။ စာအုပ်၏အစပိုင်းတွင် သတင်း ၏အဓိပ္ပာယ်ကို ရှင်းလင်းထားပြီး မြန်မာ သတင်းစာသမိုင်းဦးဖြစ်သည့် မြန်မာ နိုင်ငံသို့ ပထမဦးဆုံး သတင်းစာရောက်ရှိ လာပုံနှင့် အစပျိုးထားသည်။

 

1

 

ထို့နောက် သတင်းစာဆရာ၊ သတင်း ရေးသားနည်း၊ သတင်းအမျိုးအစား၊ ဓာတ်ပုံသတင်းစာပညာ၊ ရေဒီယိုနှင့် ရုပ်သံသတင်း၊ စာနယ်ဇင်းကျင့်ဝတ် စသည်ဖြင့် အခန်းလိုက် ဖော်ပြထား သည်။ စာရေးသူ၏ သတင်းစာလုပ်ငန်း နှစ်ခြောက်ဆယ်အတွင်း တွေ့ ကြုံခဲ့ရ သည့် သတင်းစာလောကအကြောင်း အရာများ၊ အမေရိကန်မီဒီယာလောကကို ဂျူးသူဌေးကြီးများ ချုပ်ကိုင်လာပုံ၊ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ မြန်မာ့ သတင်းစာတို့ မည်သို့ပါဝင်ခဲ့ပုံ၊ လွတ်လပ် ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက် မြန်မာ့သတင်းစာတို့ပုံရိပ်ကို စိတ်ဝင် စားဖွယ် စုစည်းတင်ပြထားသည်။

 

မန်မာ့သတင်းလောက သမိုင်းကို စုံလင်စွာ ဖော်ပြထားသည့် စာအုပ်လည်း ဖြစ်ရာ က္ဘာ့သတင်းလောက၊ မြန်မာ သတင်းလောကကို စိတ်ဝင်စားသူတိုင်း ဖတ်ရှုသင့်သော စာအုပ်ကောင်း ဖြစ် သည်။

 

တန်ဖိုးမှာ ငွေကျပ် ၃၅၀ဝ$ ဖြစ်ပြီး မိုးကျော်စာပေမှ ဖြန့်ချိခြင်းဖြစ်ပြီး ဖုန်း ဝ၉၇၃၀၂၉၅၉၁ နှင့် ဝ၉၇၃၂၄၅၂၅၇ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

 

မြန်မာ့အလင်း စာအုပ်စင်