အီတလီနိုင်ငံ၌ အပူလှိုင်းဆက်လက်ဖြစ်ပေါ်နေ

ဇွန် ၂၅

 

အီတလီနိုင်ငံ နေရာအနှံ့အပြားတွင် ယမန်နေ့က အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် အထက်ရှိကာ အပူလှိုင်းဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။

 

Coldiretti လယ်ယာလုပ်ငန်းအဖွဲ့က နိုင်ငံတစ်ဝန်း အင်းဆက်ပိုးမွှားများ စုပြုံကျရောက်ခြင်းနှင့် မိုးခေါင်ခြင်းတို့ ဖြစ်ပေါ်လာခြင်းအပေါ် သတိပေးစကားဆိုခဲ့သည်။

 

မိုးလေဝသကြိုတင်ခန့်မှန်းသူများက လာမည့်သီတင်းပတ်အထိ အပူချိန်လျော့နည်းမည့်လက္ခဏာမရှိဟု ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို