ယူဇနာမွှေးလုံးချင်းဝတ္ထုစာအုပ် မိတ်ဆက်ပွဲကျင်းပ

ရန်ကုန်  ၁၆    ဖေဖော်ဝါရီ 

စာရေးဆရာမ မလှမွန်(ရေနံ့သာ)၏ ယူဇနာမွှေးလုံးချင်းဝတ္ထုစာအုပ် မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

စာအုပ်မိတ်ဆက်ပွဲတွင် စာရေးဆရာများဖြစ်ကြသည့်  ဆရာ ရေနံ့သာဝင်းမောင်၊  ဆရာမ မစန္ဒာနှင့် ဆရာမဂျူးတို့က    ယူဇနာမွှေးစာအုပ်နှင့်ပတ်သက်၍ အမှတ်တရစကားများ ပြောကြားကြသည်။ 

 

a

 

ထို့နောက် စာရေးဆရာမ မလှမွန်(ရေနံ့သာ)က  ယူဇနာမွှေးစာအုပ်ကို  ရေးသားခဲ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် ဆရာ ဦးခင်မောင်တင်(မဟာဂီတသုတေသီ-ဒုတိယညွှန်ကြား ရေးမှူးချုပ်(ငြိမ်း) အနုပညာဦးစီးဌာန)နှင့် ဆိုင်းမြစတင်း(ပတ္တလား ပညာရှင်)တို့က စာပေနှင့် ဂီတပေါင်းကူးဆက်နွယ်ခြင်းဆိုင်ရာများကို ဟောပြောကြသည်။

အဆိုပါစာအုပ်ကို နံ့သာမွန်စာပေတိုက်မှ ထုတ်ဝေဖြန့်ချိပြီး စာအုပ်တန်ဖိုးမှာ တစ်အုပ်လျှင် ငွေကျပ် ၃၅၀ဝ ဖြစ်သည်။  

သတင်းနှင့် ဓာတ်ပုံ- ရီရီမြင့်