ယူဂန္ဓာနိုင်ငံမှ  ကမ္ဘာလှည့် ခရီးသွားများအတွက် လေဆိပ်နှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်

၂၁ စက်တင်ဘာ

 

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်ပ၌ သောင်တင်နေသည့် ကမ္ဘာလှည့် ခရီးသွားများ၊ နိုင်ငံသားများအတွက် ယူဂန္ဓာနိုင်ငံက အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နယ်စပ်ဂိတ်များကို စက်တင်ဘာလ ၂၀ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

 

ယူဂန္ဓာ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နယ်စပ်ဂိတ်များကို ကမ္ဘာလှည့် ခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ယူဂန္ဓာ နိုင်ငံသို့ မရောက်မီ ၇၂ နာရီတွင်အတွင်း စစ်ဆေးထားသည့် အဖြေတွင် ဗိုင်းရပ်စ်ပိုး မရှိလျှင် ယူဂန္ဓာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ယူဂန္ဓာ သမ္မတ ယိုဝီရီ မူ ဆီဗင်နီက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

 

ယူဂန္ဓာ ခရီးသွားများ ဧည့်သည်များနှင့် ခရီးမှ ပြန်လာမည့်သူများကို ရောနှောခြင်း မရှိစေရန် ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း သမ္မတက ထပ်မံပြောကြားခဲ့သည်။

 

 

ကမ္ဘာလှည့် ခရီးသည်များအား လေဆိပ်မှ ၎င်းတို့ သွားလို့သည့် နေရာများကို တိုက်ရိုက်သွားရောက်ရမှာ ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

 

 

ယူဂန္ဓာ နိုင်ငံသို့ ပြည်ပမှ ရောက်ရှိလာသည့်အခါ ကိုဗစ်-၁၉ ကူးစက်ရောဂါ မရှိသူများကို ယခင်ကဲ့သို့  ၁၄ ရက် သီးခြားမထားရှိတော့ပဲ အိမ်သို့ တိုက်ရိုက်ပြန်စေပြီး ၎င်းတို့၏ လိပ်စာများကိုမူ ကျန်းမာရေးဝန်ကြီးဌာနသို့ နောက်ဆက်တွဲ ပေးပို့ရမည်ဖြစ်သည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

နယ်စပ်ဒေသများတွင် ထားရှိသည့် ကန့်သတ်ချက်များကိုလည်း ယခုအခါ ပြန်လည် ရုပ်သိမ်းမည်ဖြစ်ကြောင်း ယူဂန္ဓာ သမ္မတက ပြောကြားခဲ့သည်။

 

 

ကပ်ရောဂါ ဖြစ်ပွားနေသည့် ခြောက်လအတွင်း လေဆိပ်များကို ပိတ်ထားခဲ့ပြီးနောက် ယခုအခါ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယူဂန္ဓာ မြို့ပြ လေကြောင်း အာဏာပိုင် အဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်