ယင်းမာပင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးများဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပ

ယင်းမာပင်  ၂     အောက်တိုဘာ      

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသားကျောင်းသူလေးများအား ဆေးရောင် ခြယ်ပြိုင်ပွဲကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက ကျင်းပကြောင်း သိရသည်။

ကျောင်းသားကျောင်းသူလေးများ ကျောင်းနေစဉ်ကာကပင် ပြင်ပဗဟုသုတများရရှိစေရေးနှင့် ဆေးရောင်ခြယ်ခြင်းဖြင့် အရောင်အသွေးများကို စိတ်ကူးပုံဖော်ပြီး ဆေးရောင်များကို စနစ်တကျခြယ်သ အသုံးပြုတတ်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဌေး ကျောင်းသားကျောင်းသူများကို ရှင်းလင်းပြောကြား သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ယင်းမာပင်မြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်မိုးက ကလေးစာဖတ်ခန်းတွင် ကျောင်းသားကျောင်းသူလေးများအား မိသားစုကမ္ဘာပျော်စရာ ပုံပြင်ပြောပြခြင်းနှင့် ကျောင်းသားကျောင်းသူလေးများက တစ်ဦးခြင်း ပုံပြင်လေးအကြောင်းကို အပြန်အလှန်ဖတ်ကြား ပြောပြစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)

 

2c

 

4 b