ယခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းမရှိ

နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တစ်ပွဲဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို ယခုနှစ်မှာတော့ အွန်လိုင်း ကနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တာမျိုး ပြုလုပ်ခဲ့ခြင်းမရှိဘဲ တိတ်တဆိတ်သာ ကျင်းပခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းမရှိ ၂၀၂၂ ခုနှစ် ရွှေကမ္ဘာလုံးရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဇန်နဝါရီ ၉ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ်ဆုပေးပွဲအခမ်းအနားမှာ ကြယ်ပွင့်တွေ ကော်ဇောနီပေါ် လျှောက်လှမ်း ခဲ့ခြင်းမရှိသလို အခမ်းအနားကျင်းပပုံတွေကိုလည်း မီဒီယာတွေကနေတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့် ခဲ့ခြင်း မရှိပါဘူး။

ဆုရရှိသူတွေကိုတော့ အွန်လိုင်းကနေတစ်ဆင့် ထုတ်ပြန်ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။ နီကိုးလ်ကစ်မန်း၊ ကိတ်ဝင်းစလက် စတဲ့ အနုပညာရှင်တွေ ထူးချွန်ဆုတွေ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။

အေးပြည့်