YBS-29 ယာဉ်လိုင်းမှ ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွား

ရန်ကုန် ၄ ဇွန် 

 

မြောက်ဒဂုံမှ ဆူးလေသို့ ပြေးဆွဲနေသော YBS-29 ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်က ဘရိတ်ပေါက်ပြီး ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယာဉ်မောင်း ဦးတင်မိုးလွင် (၃၃)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-5N/---- ယာဉ်သည် ကမ္ဘာအေးဘုရားလမ်းအတိုင်း မြို့ထဲဘက်သို့ မောင်းနှင်လာရာ ဘရိတ်ပေါက်၍ ဗဟန်းမြို့နယ် ကြားတောရရပ်ကွက်၊ ရေခဲဆိုင်မှတ်တိုင်အနီးရှိ ရွှေကျင်ဘုန်းကြီးကျောင်းအုတ်နံရံအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် အမျိုးသားခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ(မစိုးရိမ်ရ) ဒဏ်ရာရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)