ဝန်းသိုမြို့နယ်တွင်  ၃၆ ဒသမ ၁၉ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်းဖောက်လုပ်မည်

မုံရွာ  ၁၇  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်(မူလ) ရန်ပုံငွေကျပ် ၃၆ ဒသမ ၁၉ သန်းဖြင့် ညောင်ပင်သာကျေးရွာရှိ အရှည်ပေ ၅၀၀၀ နှင့် အောင်းကုန်းကျေးရွာရှိ အရှည်ပေ ၁၉၀၀ တို့တွင် ကျေးရွာကုန်ထုတ်လမ်းများကို ယခုနှစ် မတ်လအကုန်တွင် အပြီးဖောက် လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ညောင်ပင်သာကျေးရွာ ကုန်ထုတ်လမ်းမှာ အရှည်ပေ ၅၀၀၀ ကို ဂျင်းခင်းခြင်း၊ ၈ ပေ အကျယ် Box Curvet တစ်စင်းနှင့် ရေပြွန်တံတား ၂ စင်း တည်ဆောက်ခြင်းတို့ ပါဝင်ပြီး လုပ်ငန်းများပြီးစီးပါက အိမ်ထောင်စု ၁၀၄ စု၊ လူဦးရေ ၅၀၀ ကျော်နှင့် လယ်မြေဧက ၄၅၀ ကို အကျိုးပြုသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။

မွှေးကြူဇင်