ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂ ရွာကို အမှိုက်ကင်းစင်ကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်

ဝန်းသို   ၂၀   ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery)အဖွဲ့နှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှိုက်ကင်းစင် ကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲနှင့် စုပေါင်း အမှိုက်ကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

63.

 

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးနေမျိုးထွန်းက အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှုး ဦးဝင်းထွန်းလတ်၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးကျော်မျိုးသူ၊ လက်ထောက်မြို့နယ်ပညာရေးမှုး ဦ:မြတ်ထွန်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှုးအဆင့်(၁) ဦ:တင်ဝင်းမြင့်နှင့် မြို့နယ် လ.ဝ.က ဦ:စီးမှုးရုံးမှ တာဝန်ရှိသူတို့က (One Stop  Service)ဖြင့် ဆောင်ရွက်ပေးနေသော ရွေ့လျား ဝန်ဆောင်မှုလုပ်ငန်း(Mobile Service Delivery)အကြောင်းနှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက် ချက်များကို အသီးသီးရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းက ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်အကြောင်းနှင့် အမှိုက်ကင်းစင်ကျေးရွာအဖြစ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

 

520

 

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပေကုန်းကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျောင်းသား၊ ကျောင်းသူများက ပေကုန်းကျေးရွာအတွင်းရှိ စွန့်ပစ်အမှိုက်များကို စုပေါင်း၍ အမှိုက်ကောက်ပွဲပြုလုပ်ခဲ့ ကြသည်။

 

5320

 

ဝန်းသိုမြို့နယ်တွင် အမှိုက်ကင်းစင်ကျေးရွာများအဖြစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး  ဦ:စီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၁ ရွာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ  ၁၂ ရွာ ဆောင်ရွက်သွားရန် လျာထားသော်လည်း ပေကုန်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၃ ရွာတို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ကျန်ကျေးရွာများကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)