ဝန်ကြီးချုပ် ဦးဝင်းသိန်း ပညာရေးနှင့် ကျန်းမာရေးဌာနများသို့ စက်ဘီးလှူဒါန်းခြင်း အခမ်းအနားတက်ရောက်

ရေတာရှည်  ၁ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နံနက် ၁၀ နာရီက ရေတာရှည်မြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် ပညာရေးနှင့် ကျန်းမာရေးဌာနတို့အတွက် စက်ဘီး ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အမှာစကားပြောကြားပြီး Lesswalk Organizations မှ လှူဒါန်းသည့် စက်ဘီး (၂၅၀) စီးနှင့် ကျန်းမာရေးဌာနမှ သူနာပြုဆရာ/မများ အသုံးပြုနိုင်ရန်အတွက် စက်ဘီးအစီး(၁၀၀) စုစုပေါင်း စက်ဘီး (၃၅၀)စီးကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)

mdn