ဝက်လက်မြို့နယ်အတွင်းရှိ သဘာဝဘေးကြောင့် ပျက်စီးခဲ့သော မိုးစပါးသီးနှံစိုက် တောင်သူများအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်

ဝက်လက် ၂ သြဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ် သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်ကာ မူးကြီးကျေးရွာနှင့် သခွတ္တောကျေးရွာများသို့ ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့မစခန်းတာဝန်ခံ ဒေါ်ခင်မျိုးလတ်က ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း သဘာဝဘေးဖြစ်သော ရေကြီးနစ်မြုပ်ခြင်းကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး မြို့မစခန်းနယ်မြေအတွင်းရှိ ၉ အုပ်စုအနက်မှ သီးနှံပျက်စီးဆုံးရှုံးခဲ့သော မူးကြီးကျေးရွာနှင့် သခွတ္တောကျေးရွာတို့မှ တောင်သူ ၅၁ ဦး၏ မိုးစပါးဧက ၁၃၀ အတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၁၃၀၀၀၀၀ ကို မြို့မစခန်းနယ်မြေအဖွဲ့ခေါင်းဆောင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းအောင်ကျော်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့မစခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

အိမွန်ထွန်း(ဝက်လက်)