ဝက်လက်မြို့၌ တစ်ဦးလျှင် စားဆီ တစ်ပိဿာ ငွေကျပ် ၄၅၅၀ ဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ရောင်းချပေး

ဝက်လက်   ဇန်နဝါရီ   ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ မြို့မစည်ပင်သာယာစျေး အနောက်ဘက်တွင် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းမှ စတင်၍ တစ်ဦးလျှင် စားဆီ တစ်ပိဿာ ငွေကျပ် ၄၅၅၀ ဖြင့် ရောင်းချပေးလျက်ရှိသည်။

ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားဆီ ရောင်းဝယ်ရေး မော်တော်ယာဉ်ဖြင့် ဆီပိဿာ ၅၅၀ ကို သုံးရက် ရောင်းချပေးသွားမည် ဖြစ်သည်။

အဆိုပါ စားဆီများ စျေးနှုန်သက်သာစွာ ရောင်းချမှုကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ ဝက်လက်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

စိုးစိုးလှိုင်(ဝက်လက်)