ဝါးခယ်မတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေပေးအပ်

ဝါးခယ်မ  ၄  ဧပြီ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်း မိုးဦးကာလ လေပြင်းဘေးအန္တရာယ်အား ကြိုတင်ကာကွယ်မှု ဆောင်ရွက်နိုင်စေရန် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကတိုက်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေပေးအပ်ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးနှင့် တာဝန်ရှိသူများက  ကကတိုက်ကျေးရွာအုပ်စုရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုများ၏ နေအိမ်များ၊ ဆင်းရဲနွမ်းပါးသော မုဆိုးမနေအိမ်များ၊ ဆင်းရဲနွမ်းပါးပြီး ပြုပြင်ရန်အခက်အခဲရှိသောနေအိမ် စုစုပေါင်း ၂၅ လုံးအား ဝါး၊ ဓနိ စသော လိုအပ်သည့် အမိုးအကာများ ဝယ်ယူနိုင်စေရန် တစ်အိမ်လျင် ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အလားတူပင် ထိတန်ကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ရွှေလောင်းကျေးရွာအုပ်စုများရှိ  အိမ်ခြေ စုစုပေါင်း ၇၅ လုံးအား ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)