ဝိညာဉ်ဖြစ်နေတဲ့ မိခင်တစ်ဦးအဖြစ် တွေ့မြင်ရမယ့် ကမ်တေဟီး

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်သူ ကမ်တေဟီးဟာ သုံးနှစ်ခန့် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ကမ်တေဟီးရဲ့ ဇာတ်ကောင်ဟာ ဝိညာဉ်ဖြစ်နေတဲ့ မိခင်တစ်ဦး ဖြစ်ပြီး သူ့ရဲ့ရင်သွေးကို ဝိညာဉ်ဘဝနဲ့ စောင့်ရှောက်နေတာဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ကမ်တေဟီးဟာ tvN ရုပ်သံလိုင်းမှ ရိုက်ကူး ထုတ်လုပ်သွားမယ့် “HI BYE, MAMAI" လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့ သုံးနှစ်တာကာလ အတွင်း ပထမဆုံးရိုက်ကူးတဲ့ ကမ်တေဟီးရဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ကမ်တေဟီးဟာ ရိန်းနဲ့ လက်ထပ်ခဲ့ပြီး နောက်ရင်သွေးလေးနှစ်ဦး ဖွားမြင်ခဲ့ပြီး လတ်တလောမှာမှ ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်ရှေ့ ပြန်လည်ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

 

"HI BYE, MAMA!" ECO 8:00 ချာယူရီအဖြစ် ပါဝင်ထားတာပါ။ ချာယူရီဟာ ယာဉ်တိုက်မှုတစ်ခုအတွင်း ကွယ်လွန်ခဲ့ပြီး ဝိညာဉ်အဖြစ် မိသားစုဆီ ပြန်လည်လာရောက်ခွင့် ရရှိခဲ့ပါတယ်။ သမီးဖြစ်သူကို စောင့်ရှောက်ရင်း သမီးအနားမှာ ၄၉ရက်ကြာ နေထိုင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မိခင်မေတ္တာကို တွေ့မြင်ခံစားရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ကမ်တေဟီးက သူ့အနေနဲ့ သမီးလေးကို မွေးဖွားခဲ့ပြီးဖြစ်တာကြောင့် ချာယူရီရဲ့ ဇာတ်ကောင်စရိုက်ကို အပြည့်အဝနားလည်ကြောင်း၊ ချာယူရီအဖြစ် ပါဝင်သရုပ်ဆောင်ရာမှာလည်း သူ့ရဲ့ ခံစားချက်အချို့ကိုလည်း ထည့်သွင်းခဲ့ကြောင်း၊ အချို့နေရာတွေမှာ သူ့ရဲ့ အပြောအဆို၊ အပြုအမူတွေကို သဘာဝကျကျ ထည့်သွင်းသရုပ်ဆောင်ခဲ့ကြောင်းလည်း ကမ်တေဟီး က ပြောကြားခဲ့ပါတယ်။

 

အဆိုပါဇာတ်လမ်းတွဲကို လာမယ့် ဖေဖော်ဝါရီလအတွင်း စတင်ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

အေးပြည့်