ဥရောပမြောက်ပိုင်းတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု သတိပေးချက် အဆင့်မြှင့်တင်

ဒီဇင်ဘာ ၈

 

ဥရောပမြောက်ပိုင်းရှိ နိုင်ငံများတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုဟန့်တားရေး သတိပေးချက် အဆင့်မြှင့်တင်ထားသည်။

 

ဒိန်းမတ်နိုင်ငံရှိ ကျန်းမာရေးအာဏာပိုင်များက နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ကူးစက်ဖြစ်ပွားသူ ၃၉၈ ဦးရှိသည်ဟု ယနေ့တွင် အတည်ပြုထားသည်။

 

ထိုကူးစက်ဖြစ်ပွားမှုသည် နိုင်ငံတကာခရီးသွားလာမှုနှင့် ပတ်သက်မှုမရှိပဲ ပြည်တွင်းကူးစက်မှု လက္ခဏာ တစ်ရပ်ဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

 

နော်ဝေနိုင်ငံတွင် အိုမီခရွန်ကူးစက်ဖြစ်ပွားသူ ၂၉ ဦးရှိကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။

 

မြို့တော်အော်စလိုရှိ ခရစ္စမတ်ပါတီတစ်ခုသို့ တက်ရောက်ကြသည့်လူများအကြား  လူ ၁၃ ဦး ကူးစက်မှုဖြစ်ပွားခဲ့သည်ဟု ပြီးခဲ့သည့်သီတင်းပတ်က အတည်ပြုခဲ့သည်။

 

နော်ဝေအစိုးရက ဈေးဝယ်စင်တာများနှင့် အခြားသောလူစုလူဝေးနေရာများတွင် ပါးစပ်၊နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ကြရန်အပါအဝင် ရောဂါကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းများကို တင်းကျပ်ခြင်းဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို