ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် အကြိမ်(၁၂၀)မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ၁၁ နိုဝင်ဘာ

 

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ရွှေကြာသင်္ကန်းကပ်လှူ ပူဇော်ပွဲနှင့် အကြိမ် (၁၂၀)မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လှိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

 

အခမ်းအနားမစတင်မီ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့်၊ ပုဗ္ဗသီရိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းနှင့် တာဝန်ရှိသူများက စေတီတော်လှိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား တန်ဆောင်တိုင်ရွှေကြာသင်္ကန်းနှင့် ပန်း၊ ရေချမ်း၊ သစ်သီးများ ကပ်လှူ ပူဇော်ကြသည်။

 

္တန

 

အခမ်းအနားတွင် နေပြည်တော်၊ လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် စာချနာယက သာသနဓဇ ဓမ္မာစရိယ  ဆရာတော် ဘဒ္ဒန္တစန္ဒေါဘာသထံမှ ဧည့်ပရိသတ်အပေါင်းတို့က ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်နှင့် ဘုရားဂုဏ်တော်များကို နာယူကြည်ညိုကြသည်။

         

ထို့နောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့်၊ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူးဦးမိုးဆန်းထွန်းနှင့် စေတီတော်ဂေါပကအဖွဲ့ဝင်များက ဆရာတော် သံဃာတော် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဧည့်ပရိသတ်အပေါင်း တို့က အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN