ဥပဒေစိုးမိုးရေးသည် ပြည်သူ့အတွက်

 

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို စာဖွဲ့လျှင် ဥပဒေစိုးမိုးရေးကို ရှေ့ဆုံးစာမျက်နှာတွင် မြင်ရပါမည်။ တရားဥပဒေကို လိုသလိုလှည့်ကာသုံးစွဲ၍ လည်းကောင်းဥပဒေထဲမပါလည်း ဥပဒေထဲ ပါသယောင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်၍လည်ကောင်း၊ လိုသလိုဖြည့်ရင်း မလိုသည်ကို မှိန်ဖျောက်လုပ်ရင်း ဥပဒေကို လက်တစ်လုံးကြားပြု၍လည်းကောင်း အာဏာရှိသူတို့က ၎င်းတို့၏ ကိုယ်ကျိုးအတွက် ကာလရှည်ကြအမျိုးမျိုး အသုံးပြုခဲ့ကြခြင်းကို ပြောင်းလဲလိုခြင်းဖြစ်ပါသည်။

အထက်ပါဥပဒေကို လိုသလိုအလွဲသုံးခဲ့ခြင်း၏ အကျိုးဆက်အဖြစ်ဥပဒေဟူသည် မိမိတို့ကို ဖိနှိပ်ချုပ်ချယ်ရန်ဖြစ်သည်ဟူသော အယူလွဲမှုဖြင့် အများပြည်သူတို့အကြား အရိုးစွဲလာလေသည်။ ဥပဒေဟူသည်အာဏာရှိသူတို့ တလွဲအသုံးချစရာဖြစ်သည်ဟု မှတ်သားထားမိကြသူအများအပြား ရှိလာလေသည်။

ထို့ကြောင့်ပင် မိမိတို့နှင့် တိုက်ရိုက်ဆက်နွှယ်ပတ်သက်သော ဥပဒေစည်းမျဉ်းများကို လိုက်နာကြရန် ဝန်လေးလေ့ရှိကြသည်။ ကွမ်းတံတွေး မထွေးဟူသည့် နံရံတွင်ကပ်ထားသော စာတန်းတစ်ခုလုံးကွမ်းသွေးဖြင့် ရဲရဲနီနေသည့် မြင်ကွင်းမှာမြန်မာနိုင်ငံတွင် အမှိုက်မပစ်ရဟူသည့် ဆိုင်းဘုတ်ပတ်လည်တွင် ဟည်းနေသော အမှိုက်ပုံကြီး။ ဤနေရာတွင် ဈေးမရောင်ဟူသည့်ကြေညာချက်မှာ ပျံကျဈေးသည်များ၏ဈေးတောင်းများ ကွယ်နေသောကြောင့် ကောင်းကောင်းဖတ်ရ။

ကားမောင်းရင်း ဖုန်းမပြောရ၊ ကားပေါ်ရောက်လျှင် ခါးပတ်တ်ပါ၊ ဆိုင်ကယ်တစ်စီး လူနှစ်ယောက်ထက်ပိုမစီးရ၊ ဆိုင်ကယ်ဦးထုပ်ဆောင်းပါ အစရှိသည့် စည်းမျဉ်းတို့သည် အလုပ်ရှုပ်အောင်လုပ်ထားသည့် စည်းမျဉ်း များသာဖြစ်၏ဟုလည်းကောင်း၊ တာဝန်ရှိသူတို့ လာဘ်စားရန် လမ်းပေါက်ဖွင့်ထားခြင်းသာ ဖြစ်သည်ဟုလည်းကောင်း မြင်တတ်ကြသည်လည်း ရှိ၏။

နိုင်ငံတစ်ခု တိုးတက်ရေတွင်ဥပဒေစိုးမိုးမှုသည် အရေးကြီးလှသောခေါင်းစဉ်တစ်ခုဖြစ်ပါသည်။ ဥပမေမိုးလျှင် စနစ်ကျ မှန်ကန်သော တိုးတက်ဖွံ့ဖြိုးရေး မည်သို့မျှမဖြစ်နိုင်း၊ ထို့ကြောင့်ပင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထားသော လွှတ်တော်များနှင့် အစိုးရပေါ်ပေါက်လာသည့်အခါ ဥပဒေစိုးမိုးရေးကို အလေးပေး ဖော်ထုတ်လာရခြင်း ဖြစ်ပါသည်။

ဥပဒေစိုးမိုးမှုတွင် ဥပဒေစိုးမိုးရေးကို တာဝန်ယူထားသူများတွင် ကြီးစွာသော တာဝန်များရှိနေသည်။ ဥပဒေတို့၏ ခိုင်မာလေးနက်မှု မှန်ကန်စေရေး၊ အခြေအနေနှင့် ခေတ်နှင့်လျပ်ညီသည့် ဥပဒေများဖြစ်စေရေး၊ ထုတ်ပြန်ထားသော ဥပဒေများအတိုင်း အများပြည်သူလိုက်နာရေး၊ ဥပဒေချိုးဖောက်မှုများကို ဥပဒေနှင့်အညီ တိတိကျကျအရေးယူနိုင်ရေး၊ အပြစ်ရှိသူတို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး၊ တရားစီရင်ရေးစနစ်များက ဥပဒေအတိုင်း ထိထိရောက်ရောက် အပြစ်ပေးနိုင်ရေး စသည်တို့ပါဝင်ပါသည်။

ယင်းကိစ္စရပ်တစ်ခုလုံး၏ အရေးအကြီးဆုံးသော အနှစ်သာရမှာ ဥပဒေ စိုးမိုးရေးသည် အများပြည်သူကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် ဤအနှစ်သာရကို ကောင်းမွန်စွာသဘော ပေါက်နားလည်ကြခြင်းသည် ဥပဒေစိုးမိုးရေးအတွက် လွန်စွာအခြေခံကျသော အချက်တစ်ခုဖြစ်ပါသည်။

ယနေ့ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို နေ့စဉ်ဓာတ်ခွဲအတည်ပြု ပိုးတွေ့ရှိသူစာရင်းများအရ သိနေရပါ၏။ ဒုတိယအကျော့ဝင်ရောက်မှုတွင် များပြတိုးမြင့်လာသည့် အရေအတွက်ကို သတိပြုမိနေပါ၏ အစပိုင်း ပြန့်ပွားကူးစက်မှုများတွင် တွေ့ရှိရသည့် ဖြစ်ရပ်များတွင် အခြေအနေအရ ထုတ်ပြန်ထားသောဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာမှုက အရင်းခံနေသည်ကိုလည်း သတိပြုမိပါသည်။

ကေတီဗွီဆိုင်က လူစုလူဝေးကူးစက်မှုသည် ရောဂါပျံ့နှံ့မှုတွင် သိသာထင်ရှားသည့် စည်းကမ်းမလိုက်နန်းကို တွေ့ရမည်ဖြစ်ပါသည်။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ တာဝန်ကြီးယူထားရသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များက မေတ္တာရပ်ခံကြေညာထားသည်မှာ ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ပြည်သူလူထုက လိုက်နာ စောင့်ထိန်းကြရန်ဟူ၍ဖြစ်ပါသည်။ ပြည်သူတစ်ဦးချင်းစီ၏ စနစ်တကျ နှင့် မကြာခဏလက်ဆေးခြင်း၊ အပြင်သို့ လုံးဝမထွက်ဘဲနေခြင်း၊ မထွက်မဖြစ်ထွက်ရသူများ မျက်နှာနှင့် ခေါင်းစည်းများကို တပ်ဆင်ခြင်း၊ လူချင်းခြောက်ပေ အနည်းဆုံးခွာကာနေခြင်း၊ လူစုလူဝေးလုံးဝမပြုလုပ်ခြင်း အစရှိသည်တို့ကို တိတိကျကျလိုက်နာကြရန်လည်း နှိုးဆော်ထားပါသည်။

ယခုကြေညာချက်များ၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများတို့သည် ပြည်သူလူထုကို ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန် ထုတ်ပြန်ထားခြင်းဖြစ်ပါသည် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သူရှိလျှင်လည်း ထိထိရောက်ရောက် အရေးယူခြင်းဖြင့် ပြည်သူလူထုအများစု၏အကျိုးကို ကာကွယ်စောင့်ရှောက်မည်ဟု နားလည်ပါသည်။

ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည့်အတွက် ပို၍စည်းကမ်းရှိကြ၊ ပို၍လိုက်နာကြခြင်းဖြင့် ဘေးကင်းကျန်းမာအေးချမ်းတည်ငြိမ်သော အနာဂတ်ကို ကြိုဆိုကြပါစို့။

မြန်မာ့အလင်း