ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာပြန်ဆိုထားသည့် ဥပဒေများနှင့် ပတ်သက်၍ အမိန့်တစ်ရပ်ထုတ်ပြန်

နေပြည်တော် ၂၇ သြဂုတ်


ဥပဒေဘာသာပြန်ကော်မရှင်က သြဂုတ် ၂၁ ရက်တွင် အမိန့်အမှတ် ၁၀/၂၀၁၉ ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါအမိန့်တွင်-


ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ ဥပဒေဘာသာပြန် ကော်မရှင်က အတည်ပြုသည့် အောက်ပါ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများ၏ မြန်မာဘာသာပြန်ဆိုချက်ကို ပုဒ်မ ၁၂ အရ ထုတ်ပြန်ကြေညာလိုက်သည်။


    (က) The Carriers Act
    (ခ)   The Oaths Act
    (ဂ)   The Specific Relief Act
  (ဃ)  The Upper Myanmar Land and Revenue Regulations
    (င )   The Myanmar Divorce Act


ဖော်ပြပါ မြန်မာဘာသာပြန်ဆိုထားသည့် ဥပဒေများသည် မူလစာမူနှင့် အလားတူ အာဏာတည်ရမည်ဟု ဖေါ်ပြထားသည်။ 


သတင်းစဉ်