နေပြည်တော် ဒီဇင်ဘာ ၈
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(၂) ပထမပွဲစဉ်ကို ဒီဇင်ဘာ(၁၀)ရက် (သောကြာနေ့) ည တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။
အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် ကြူကြူခိုင်၊ သီတာစမ်း၊ ကျော်ခိုင်စိုး၊ အောင်မြင့်သိန်း ၊ အိရွှေစင် ၊ ချမ်းဟိန်းဝင်းထွန်း၊ ခိုင်ဝင်းသူ၊ ထုံလှိုင်း နှင့် N လုံးလုံတို့က ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ် တေး ဂီတမှ တီးခတ်ပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာ ၁၂ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၁၀နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင် နေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း (၄၅)ဦးတို့က အဖွဲ့ (၅)ဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တွင် လည်းကောင်း၊ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို ရန်ကုန်မြို့ပြည်သာယာရှိ မြဝတီမီဒီယာစင်တာ တွင် လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ်စဉ် သောကြာနေ့ ညတိုင်း သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)