“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲအုပ်စု (၃) ဒုတိယပွဲစဉ် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

နေပြည်တော် ၊ ဒီဇင်ဘာ  ၂၉

 

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်  “တူယှဉ်နွှဲပျော် ဂီတပွဲတော်သီချင်းဆိုပြိုင်ပွဲ အုပ်စု() ဒုတိယပွဲစဉ်ကို ဒီဇင်ဘာ ၃၁ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။

 

အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် တနင်္သာရီတိုင်းဒေသကြီးမှ နော်အေးသစ္စာထူး၊ ဧရာဝတီတိုင်းဒေသကြီးမှ  ချိုမီမီဇော်၊ မွန်ပြည်နယ်မှ  မောင်သက်၊ ရခိုင်ပြည်နယ်မှ ဖြူလှ၊ ပဲခူးတိုင်းဒေသကြီးမှ မင်းသားလေး၊ ရှမ်းပြည်နယ်မှ  မေဖြူခင်၊ ကချင်ပြည်နယ်မှ အရိန့်၊ ချင်းပြည်နယ်မှ  နန်းဆွေ နှင့် ကယားပြည်နယ်မှ  နန္ဒာလင်း တို့က  ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ် တေးဂီတမှ တီးခတ်ပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ခုနှစ် ဇန်နဝါရီ  ၂ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၁၀ နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 

 “တူယှဉ်နွှဲပျော် ဂီတပွဲတော်သီချင်းဆိုပြိုင်ပွဲတွင်  နေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း (၄၅) ဦးတို့က အဖွဲ့ () ဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လည်းကောင်း၊ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာစင်တာတွင် လည်းကောင်း နိုဝင်ဘာ ၂၆ ရက်မှ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အထိ အပတ်စဉ် သောကြာနေ့ ညတိုင်း သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်