တူရကီနိုင်ငံတွင် ပြည်တွင်းရထားပြေးဆွဲမှုများကို တစ်စိတ်တစ်ပိုင်း ပြန်စတင်

အင်ကာရာ ၃၀  မေ


တူရကီအစိုးရသည် မေ ၂၈ ရက်က ပြည်နယ်လေးခုကြား အမြန်ရထား ပြေးဆွဲမှုများကို ပြန်လည်စတင် ခဲ့သည်။ ကိုဗစ် - ၁၉ မှ ပုံမှန်ဘ၀ ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ရထားပြေးဆွဲမှု ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။


လူမှုပုံမှန်ဘ၀ ပြန်လည်ရရှိရေးအတွက် အခြားအ‌ရေးကြီး‌သည့် လုပ်ဆောင်မှုများကိုလည်း စတင် ဆွေးနွေးနေပြီဟု သိရသည်။ အင်ကာရာနှင့် အစ္စတန်ဘူလ်၊ အင်ကာရာနှင့် ကွန်ရာ၊ ကွန်ရာနှင့် အစ္စတန်ဘူလ်ကြား အမြန်ရထားသည် တစ်နေ့လျှင် ၁၆ ကြိမ် ပြေးဆွဲမည်ဟု အစ္စတန်ဘူလ် သယ်ယူပို့ဆောင်ရေး နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီး အဒယ်ကာရာအစ္စမေးလ် လော့ဂ်လူက သတင်းထောက်များကို ပြောသည်။


အဆိုပါ အမြန်ရထားများသည် အပိုထိုင်ခုံများစီစဉ်ကာ ၅၀ ရာခိုင်နှုန်း တင်ဆောင်မှုဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လူအချင်းချင်း ခပ်ခွာခွာနေရမည့် စည်းမျဉ်းများကိုလည်း လိုက်နာ သွားမည်ဖြစ်သော်လည်း ရထားလက်မှတ်ဈေးမှာမူ အရင်အတိုင်းသာ ဖြစ်မည်ဟု သိရသည်။

 

ရထားဘူတာရုံများနှင့် ရထားပေါ်တွင် နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်သည်။ တူရကီနိုင်ငံ၏ ရထားပြေးဆွဲမှုများသည် ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်းများကြောင့် နှစ်လကြာရပ်နားထားခဲ့ရသည်။


ဆင်ဟွာ