တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၁၁၈ ဦးထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၇

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၁၁၈ ဦးထပ်မံတွေ့ရှိသောကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၆၇၆၇၀၀၈ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၆၀၉၀၃ ဦး ရှိလာသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ထပ်မံကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၂၂၄၉ ဦး ရှိသည်။

တူရကီနိုင်ငံတွင် သက်ဆိုင်ရာ အာဏာပိုင်များက တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ပြီးနောက် ဇန်နဝါရီ ၁၄ ရက်နေ့က အုပ်စုလိုက် ကာကွယ်ဆေးထိုးနှံမှု စတင်လုပ်ဆောင်ခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၅၂ ဒသမ ၃၁ သန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၄၁ ဒသမ ၄၃ သန်းရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို