တူရကီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၂၀၈၇၄ ဦးထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၉

 

တူရကီနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၈၇၄ ဦးတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၈၉၆၄၇၁၁ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၁၉၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၇၈၄၀၇ ဦးအထိ မြင့်တက်လာသည်။

 

တူရကီအာဏာပိုင်များက တရုတ်နိုင်ငံကထုတ်လုပ်သော ဆီနိုဗက်ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် အတည်ပြုခဲ့ပြီးနောက် ကိုဗစ်ကာကွယ်ဆေးလူအုပ်စုလိုက်ထိုးနှံမှုကို ဇန်နဝါရီ ၁၄ ရက်က စတင်လုပ်ဆောင်ခဲ့သည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ထပ်မံ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၉၈၈၃ ဦး ရှိသည်။

 

ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ ၅၆ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၅၁ သန်းနီးပါး ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံမှုခံယူပြီးဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို