တူရကီလေယာဉ်မတော်တဆဖြစ်ပွားမှုတွင် သေဆုံး၊ ဒဏ်ရာရရှိမှုများရှိသဖြင့် လေယာဉ်မှူး ဖမ်းဆီးခံရ

၂၆ ဖေဖော်ဝါရီ

 

ယခုလအစောပိုင်းက အစ္စတန်ဘူလ်ရှိ လေဆိပ်တစ်ခုတွင် လေယာဉ်ပြေးလမ်း ဘီးချော်မှုဖြစ်ပွားခဲ့သဖြင့် သုံးဦးသေဆုံးပြီး အခြား ၁၈၀ ဦး ဒဏ်ရာရရှိခဲ့မှုကြောင့် ထိုလေယာဉ်မှူးကို တနင်္လာနေ့က ဖမ်းဆီးခဲ့သည်ဟု ဒေသန္တရ မီဒီယာက ဖော်ပြခဲ့သည်။

 

ပေါ့ဆမှုကြောင့် သေဆုံးမှုနှင့်ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ထိုလေယာဉ်မှူးကို ဖမ်းဆီးထားကြောင်း အန်ကာရာမြို့တော်ရှိ အစိုးရရှေ့နေများက ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် Anadolu အေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။

 

ဖေဖော်ဝါရီလ ၅ ရက်နေ့က တူရကီနိုင်ငံ၏ ပဂါဆု လေကြောင်းလိုင်းမှ လေယာဉ်သည် တူရကီနိုင်ငံအနောက်ပိုင်း အက်ဇမားပြည်နယ်မှ အစ္စတန်ဘူလ်မြို့ စဘီဟာဂို့ဆန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ဆင်းသက်ပြီးမကြာမီ လေယာဉ်ပြေးလမ်း ဘီးချော်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို