တတိယအကြိမ်မြောက် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားပွဲတော် အထိမ်းအမှတ် ဂေါပကအဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

မန္တလေး  ၁၄  အောက်တိုဘာ

 

မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရား သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး ဘော်လီဘောအဖွဲ့ချုပ်မှ ဦးစီး၍ တတိယအကြိမ်မြောက် ဂေါပကအဖွဲ့ဥက္ကဋ္ဌဖလား အဆင့်မြင့် အလွတ်တန်းနှင့် လူသစ်တန်း အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ကုသိုလ်တော်ဘုရားဝင်းရှိ ဘော်လီဘော ကွင်းနေရာတွင် ကျင်းပခဲ့သည်။

 

1

 

လူသစ်တန်းပြိုင်ပွဲတွင် မတ္တရာအသင်းက ကျောက်ဆည်အသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး အလွတ်တန်း ပြိုင်ပွဲတွင် ပြည်ထဲရေးအသင်းက နေလအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

 

ဗိုလ်လုပွဲအပြီး ဆုပေးပွဲကျင်းပရာ အဆင့်မြင့် အလွတ်တန်းပြိုင်ပွဲတွင် ဒုတိယဆုရ နေလအသင်းအား ဆုငွေကျပ် ၁၀ သိန်းလူသစ်တန်း ဒုတိယဆုရ ကျောက်ဆည်အသင်းအား ဆုငွေကျပ် ၁၀ သိန်းလူသစ်တန်း ပထမဆုရ မတ္တရာအသင်းအား ဆုငွေကျပ် ၁၅ သိန်းနှင့် ပထမတံခွန်စိုက်ဆုဖလား တို့ကို အားကာသိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်ဒုရဲမှူးဝင်းနိုင်နှင့် အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဆွေတို့က ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထို့နောက် အလွတ်တန်းနှင့် လူသစ်တန်း ပထမဆုရ အသင်းတို့ကို မန္တလေးတိုင်းဒေသကြီး ဘောလီဘောအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း (အောင်သမာဓိရွှေဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်း)မှ အခေါက်ရွှေ တစ်ကျပ်သားစီ ဆုပေးအပ်ချီးမြှင့်ပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဘော်လီဘောအဖွဲ့ချုပ်နာယက ဦးကျော်ဝင်း(သစ္စာစေတနာ)မှ အလွတ်တန်း ပထမဗိုလ်စွဲသည့် နေလအသင်းအား ဆုငွေကျပ် ၁၅ သိန်းနှင့် ပထမတံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုမရကြသည့် အသင်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဗိုလ်လုပွဲသို့ (မန္တလေး)အားကာသိပ္ပံ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦမျိုးမြင့်အောင်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများပြိုင်ပွဲကျင်းပရေး ကော်မတီနာယကများဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးထွန်းလင်း၊ အတွင်းရေးမှူး ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလီဘောအဖွဲ့ချုပ် အတွင်းရေးမှူးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် ဘော်လီဘော အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)