တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ဒုတိယအကြိမ်အစည်းအဝေး (၂/၂၀၂၀) ကျင်းပ

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ဒုတိယအကြိမ် အစည်းအဝေး(/၂၀၂၀)ကို ယနေ့ နံနက် ၁၀ နာရီတွင် Video Conferencing ဖြင့် ကျင်းပရာ အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး တရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားတင်ပြသူ ၁၅၆ ဦးအား စိစစ်အတည်ပြုခြင်း၊ တရားလွှတ်တော်ရှေ့နေ ဦးအပေါ် တိုင်ကြားမှုနှင့်စပ်လျဉ်း၍ တရားလွှတ်တော်ရှေ့နေများကောင်စီခုံရုံးဖြင့် စုံစမ်းစစ်ဆေးရန် ဆွေးနွေးခြင်း၊ စုံစမ်းစစ်ဆေးမည့် ခုံရုံးအဖွဲ့ဝင် အမည်စာရင်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့ရန် အတည်ပြုခြင်းနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေ ဦးအပေါ် အရေးယူရန် သဘောထားတောင်းသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်