တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်းအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၂၀ ဇန်နဝါရီ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအိုအား ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဂျပန်-မြန်မာအသင်း၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးဆောင်ရွက်နေမှု၊ မြန်မာ-ဂျပန် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

သတင်းစဉ်