တပ်ကုန်းမြို့နယ်၊ ထန်းတောကြီးကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

နေပြည်တော်   ဇန်နဝါရီ   ၂၁

 

နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာတွင် မီးဘေးသင့်အိမ်ထောင်စု သုံးစုအား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက အဆိုပါ ကျေးရွာအရောက် ထောက်ပံ့ပေးအပ်သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦး၊ ဥတ္တရခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြသီတာဝင်း၊ တပ်ကုန်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နေပြည်တော် ဒုတိယတိုင်းကြက်ခြေနီ တပ်ဖွဲ့မှူး ဦးစိုးလင်းဦးတို့က မီးဘေးသင့်အိမ်ထောင်စုဝင်များအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး မီးဘေးသင့် အိမ်ထောင်စုတစ်စုလျှင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှင့်ပစ္စည်း ၁၇ မျိုးပါ ပုံးတစ်ပုံး၊ အိမ်အသေးဆောက်စရိတ် တစ်သိန်း၊ အိမ်အကြီးဆောက်စရိတ် နှစ်သိန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအအသင်းမှ ပစ္စည်း ၁၅ မျိုးပါ Family Kit တစ်ပုံး၊ ပစ္စည်း ၁၈ မျိုးပါ Hygiene  Kit တစ်ပုံးနှင့် လွှ၊တူပစ္စည်းမျိုးစုံပါ လက်သမားသုံးအိတ် တစ်အိတ်နှင့် ပြန်/ဆက်မြို့နယ်ဦးစီးမှူးမှ တစ်သောင်းကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်